စိတ်ကူးယဉ်အိပ်မက်ကမ္ဘာ



စိတ်ကူးယဉ်အိပ်မက်ကမ္ဘာ
တူလိုက်ခဲ့ပါလား ...စံပယ်ရယ်
အမုန်းမသိ
အရှုံးမရှိပဲ
နူးညံ့တဲ့အချစ်တွေ
ရင်ခုန်ခြင်းတွေသာ
မင်းအတွက်အပြည့်ရှိတယ်.....

ကိုယ်ပိုင်ဆိုင်ထားတဲ့
မင်းနဲ့သက်ဆိုင်တဲ့နေရာလေးကို
ချစ်သူလိုက်နိုင်မယ်ဆိုခဲ့ရင်
အချိန်လေးတစ်ခုသာပေးလိုက်ပါကွာ

ကိုယ့်နှလုံးသားလေးနဲ့
မင်းနှလုံးသားလေးကို
ထပ်တူပြုလို့
ကိုယ့်ရဲ့ရင်ခွင်နန်းတော်
စိတ်ကူးယဉ်အိပ်မက်လေးကို
တူတူသွားရအောင်နော်....

0 comments:

Post a Comment