မဟာဘုတ်တွက်နည်း

မဟာဘုတ်ဗေဒင်ပညာမှာ မိမိ၏ မြန်မာ မွေးသက္ကရာဇ်ကို တည်ပြီး ၊ (၇)နှင့် စားရပါတယ်။ အကြွင်းကို ဘင်္ဂဆိုတဲ့ နေရာက စချရမယ်။ အဲဒီလို ချတဲ့အခါမှာ ဂြိုဟ်တစ်ခုနှင့် တစ်ခု လေးခုမြောက်ကွာသော စတုရန်းလင်္ကာနှင့် ချရပါတယ်။

အောင် ၊ လံ ၊ ထူ ၊ စစ် ၊ သူ ၊ ကြီး ၊ ပွဲ

ဒါက စတုရန်း လင်္ကာပါ။ ပါးစပ်ကတော့ အောင်လံထူ စစ်သူကြီးပွဲလို့ ရွတ်ပြီးချရမယ်။ လက်က ချတဲ့နေရာမှာ တော့ ဂဏန်းသင်္ချာနဲ့ ရေးပြီး ချသွားရမယ်။ အောင်ဆိုရင်(၁) ၊ လံဆိုရင်(၂) ၊ ထူဆိုရင်(၀ သို့ ၇) ၊ စစ်ဆိုရင် (၃) ၊ သူဆိုရင်(၆)၊ ကြီးဆိုရင်(၂) ၊ ပွဲဆိုရင်(၅)။ အဲဒီလိုရေးပြီး ချသွားရမယ်။ အဲဒီမှာ အထူးသတိထားရမှာက မိမိကြွင်းတဲ့ ဂဏန်းက စချရမယ်။ ၁ကြွင်းရင် ဘင်္ဂဆိုတဲ့နေရာမှာ ၁-ကိုချ။ ပြီးရင် လင်္ကာရွတ်ပြီး ဆက်ချပေါ့။ အဲဒီလိုပဲ (၂)ကြွင်းရင် ဘင်္ဂဆိုတဲ့နေရာမှာ ၂-ကိုရေး ။ ပြီးရင် ကြီးပွဲအောင်လံထူစစ်သူ ဆိုပြီး လင်္ကာ ဆက်ရွတ် ပြီး ချပေါ့နော်။

ကဲ... မဟာဘုတ်ရဲ ပုံစံလေးကို အရင်ကြည့်ရအောင်။

Image Hosting by imagefra.me
ဒါကတော့ မဟာဘုတ်ကို ချရမယ် အစဉ်လေးပါ။ အဲဒီပုံလေးထဲကအတိုင်း ချရမှာပါ။


ဘင်္ဂဆိုတဲ့ နေရာလေးမှာကိုယ်ရဲ့အကြွင်းကို ချရပါတယ်။ ပြီးရင် မျှားပြထားတဲ့အတိုင်း အောင်လံထူစစ်သူကြီးပွဲ ဆိုပြီး ဆက်ချပေတော့။ အောက်မှာ မဟာဘုတ် (၁)ကြွင်းကနေ (၇)ကြွင်းထိ ပုံလေးတွေနှင့် ပြထားပါတယ်။

ဒါက မဟာဘုတ်(၁)ကြွင်းပုံစံပါ။

လင်္ကာကတော့=အောင်;လံ;ထူ;စစ်;သူ;ကြီး;ပွဲ
ဒါကတော့ မဟာဘုတ်(၂)ကြွင်းပုံစံပါ။
Image Hosting by imagefra.me
လင်္ကာကတော့-ကြီး;ပွဲ;အောင်;လံ;ထူ;စစ်;သူ;
ဒါကတော့မဟာဘုတ်(၃)ကြွင်းပုံစံပါ။
Image Hosting by imagefra.me
လင်္ကာကတော့-စစ်;သူ;ကြီး;ပွဲ;အောင်;လံ;ထူ;
ဒါကတော့မဟာဘုတ်(၄)ကြွင်းပုံစံပါ။
Image Hosting by imagefra.me
လင်္ကာကတော့-လံ;ထူ;စစ်;သူ;ကြီး;ပွဲ;အောင်;
ဒါကတော့မဟာဘုတ်(၅)ကြွင်းပုံစံပါ။
Image Hosting by imagefra.me
လင်္ကာကတော့-ပွဲ;အောင်;လံ;ထူ;စစ်;သူ;ကြီး;
ဒါကတော့မဟာဘုတ်(၆)ကြွင်းပုံစံပါ။
Image Hosting by imagefra.me
လင်္ကာကတော့-သူ;ကြီး;ပွဲ;အောင်;လံ;ထူ;စစ်;
ဒါကတော့မဟာဘုတ်(၀ သို့ ၇ )ကြွင်းပုံစံပါ။
Image Hosting by imagefra.me
လင်္ကာကတော့-ထူ;စစ်;သူ;ကြီး;ပွဲ;အောင်;လံ;
ကဲ... ဒီလောက်ဆိုရင် မိမိရဲ့ မဟာဘုတ်ကို မိမိကိုယ်တိုင် တွက်ကြည့်လို့ ရလောက်ပါပြီဗျာ။ ကိုယ် ဘာဖွားလဲ သိချင်တယ်ဆိုရင်တော့ ကိုယ်ချထားတဲ့ မဟာဘုတ်မှာ ကိုယ်မွေးနံ ရှိတဲ့နေရာဟာ ကိုယ့်ရဲ့ ဖွားဇာတာပေါ့ဗျာ။ ဘင်္ဂ ဆိုတဲ့နေရာမှာ ကိုယ့်မွေးနံ ရှိတယ်ဆိုရင် ကိုယ်က ဘင်္ဂဖွားပေါ့။ ကိုယ်မွေးနံက အထွန်းမှာ ရှိနေတယ် ဆိုရင်တော့ ကိုယ်က အထွန်းဖွားပေါ့ဗျာ။ မခက်ပါဘူး။ ကျန်တာကိုတော့ ဆက်သာလေ့လာ လိုက်ပါတော့ ဗျာ။

0 comments:

Post a Comment