လမင်းရဲ့နေရာ


ဘာမှ မျှော်လင့်မထားဘူး.....
ကြားဟန်မဆိုစကားမချိုနဲ့.........
ပုလဲဥသီမျက်ရည်စီးလဲ....
ဝေးဝေးလေးက .....ပြုံးပြနေရင် ကြည်နူးတယ်.....
ဘာမှ မလိုချင်ဘူး...
မျက်ဝန်းတစ်ကြည့်...ရင်ရဲ့နွေးရာ...
မျက်တောင်ဖြာကော့ ညိုမှောင်ကြော့မှာ...
မျှော်ကြည့်နေရင် ကြည်နူးတယ်......

ဘာမှ..မရှိချင်ဘူး..
သံဇဉ်ချိုမြအလှတရား..
ချစ်သူအပါးမှာ တီတာခွန်းဆင့်...
အလွမ်းနှင့်လူ ရင်အပူမီး...
ချစ်သူ...မသိလည်း..
ချစ်သူ ရှိနေရင်ကြည်နူးမိတယ်...

0 comments:

Post a Comment