ငိုကြွေးခြင်း

သနားစရာမကောင်းတဲ့
ဇာတ်ဝင်ခန်းထဲမှာ
ကြေကွဲခံစားနေရတဲ့အဖြစ်ကို
မြင်လှည့်စမ်းပါ ချစ်သူ ရယ်...
စက္ကူစုတ်တွေနဲ့
ငါ့ကိုပြစ်ပေါက်သွားတာလား
အဲဒါမင်းကိုတိုင်ဖွဲ့နွဲ့ခဲ့တဲ့
သစ္စာစကားတွေလေ...
ဖောက်ပြန်တတ်တဲ့ရာသီဥတုထဲမှာ
မင်းမျက်နှာ ကိုအရည်ဖျော်ပြီး
ငါ...
ပျော်ပါးစွာသောက်စားလိုက်ချင်ပါရဲ့
မဲ့ခနဲပြုံးလိုက်မိပြီ
အဲဒါငိုကြွေးခြင်းပါကွယ်...
      (ဇော်မျိုးဦး)

0 comments:

Post a Comment