ဝန်ခံခြင်း

မတွေ့ခဲ့ရင် သိပ်ကောင်းမှာပဲကွာ

အခုတော့ရင်မောစရာ ဖြစ်ကုန်ပြီထင်ပါရဲ့

မနီးစပ်နိုင်တဲ့လမင်းကိုမှ

ငေးမောတမ်းတနေတဲ့

ကလေးငယ်အဖြစ်နဲ့တူနေပါရောကွယ်...

မဖြစ်နိုင်လောက်တော့ဘူးလို့ 

ဦးနှောက်က လက်ခံပေမဲ့

နှလုံးသားကတော့တမ်းတနေမိတယ်...

ရယူလက်ခံခွင့် မရှိလောက်တော့တဲ့ 

ငါ့အတွက် ငေးမောစိတ်ဖြေခွင့်တော့ရှိသင့်တာပေါ့နော်...

မေ့ခြင်းတရားဆိုတာ

ဖန်တီးယူလို့ ရတာမှ မဟုတ်တာပဲ

ဘယ်တော့မှလည်းမမေ့ဘူး

ချစ်တယ်လို့ပဲ ထပ်ပြီးသန်ခံနေချင်တယ်...

    (ဇော်မျိုးဦး)

0 comments:

Post a Comment