အလိုအပ်ဆုံး

မင်းကိုအနိုင်ယူဖို့ ရည်ရွယ်ခဲ့ရင်
ချစ်တယ်ဆိုတဲ့စကား
ငါ...
ဘယ်ပြောထားပါ့မလဲ
သွားလို့စေရင်
ငါ...မနေပါဘူး
ကြွေစမ်းလို့ စေရင်
ငါ...မဝေပါဘူး
မင်းအတွက် အလိုအပ်ဆုံးဟာ
ငါ...မဟုတ်တော့ဘူးဆိုရင်
ငါ့...အတွက်အလိုအပ်ဆုံးကတော့
မင်း...ကျေနပ်သွားဖို့တစ်ခုတည်းပါ...
ချစ်သူ....
     (ဇော်မျိုးဦး)

0 comments:

Post a Comment