အမေရိကမှာ Facebook ကနေ ဖုန်းအခမဲ့ပြောနိုင်ပြီ


လူမှုရေးဆိုရှယ် ၀က်ဆိုဒ် Facebook က ၂၀၁၃ မှာ ခြေလှမ်းသစ်တွေ တခုပြီး တခု စတင်နေတာကို တွေ့ ရ
ပါတယ်။ “Graph Search” လို့ ခေါ်တဲ့ ကိုယ်လိုချင်တဲ့ သတင်းအချက်အလက် ကို Facebook အတွင်း အလွယ်တကူ ရှာဖွေနိုင်အောင် မိတ်ဆက်အပြီး ၂ ရက် အကြာမှာပဲ ခြေလှမ်းတခု လှမ်းလိုက်ပါပြီ။
အဲဒါကတော့ .. အမေရိကမှာရှိတဲ့ iPhones အသုံးပြုသူများအတွက် အခမဲ့ ဖုန်းခေါ်ဆိုနိုင်တဲ့စနစ်ကို Facebook Messenger နဲ့ စတင်အသုံးပြုနိုင်ပြီ ဆိုတာပါပဲ။
အသုံးပြုလိုသူတွေအနေနဲ့  iPhone အတွင်းမှာ Facebook Messenger ကို ထည့်သွင်းထားရပါမယ်၊ ပြီးတော့ ၀ိုင်ဖိုင် ( Wifi ) သို့ မဟုတ် ဆယ်လူလာ ဒေတာ ကွန်နက်ရှင် (cellular-data connection)လိုအပ်ပါတယ်။

Facebook တာဝန်ရှိသူတွေကတော့ ဒီလို အခမဲ့ခေါ်ဆိုတာတွေကို Andriod နဲ့  BlackBerry ဖုန်း အမျိုးအစားတွေမှာလည်း အသုံးပြုနိုင်အောင်လည်း
ပြင်ဆင်နေပါပြီ။ မကြာခင်မှာ Facebook Messenger နဲ့ ပဲ ဖရီး ဖုန်းခေါ်ဆိုမှုတွေကို ပြုလုပ်နိုင်တော့မှာပါ တဲ့။

iPhone သမားတွေက Facebook Messenger နဲ့ ဖုန်းခေါ်မယ် ဆိုရင်
- ကိုယ်စကားပြောချင်တဲ့သူရဲ့ နာမည်ကို နှိပ်။
- အပေါ်ဆုံး နဲ့  ညာဘက်ထောင့်က “i “ ဆိုတဲ့ ဟာလေးကို နှိပ်ပြီး “Free Call” ကို ရွေးချယ်လိုက်ရုံပါပဲ။
ဒါဆို ကိုယ်ဖုန်းပြောလိုသူနဲ့ ကြိုက်သလောက် အခမဲ့ပြောပေတော့။
ခြွင်းချက်အနေနဲ့ တော့ ဖုန်းခေါ်ဆိုသူအနေနဲ့  သူကိုယ်တိုင်လည်း iPhone အသုံးပြုပြီး ဖုန်းခေါ်ဆိုရမှာ ဖြစ်သလို တဖက်ကလည်း လက်ခံစကားပြောဖို့  iPhone အတွင်းမှာ Facebook Messenger ထည့်သွင်းထားဖို့ လိုအပ်ပါတယ်။

အမေရိကမှာရှိတဲ့ Facebook အသုံးပြုသူများအတွက်တော့ ဒါဟာ သတင်းကောင်းပါပဲ။ သူတို့ဆီက Facebook က မိတ်ဆွေသူငယ်ချင်းများ အခမဲ့ ဖုန်းပြောနိုင်ဖို့ အခွင့်အရေးရပါပြီ။

အာရှဒေသ အပါအ၀င် တခြားနိုင်ငံများမှာတော့ ဒီ ဖရီးဖုန်းခေါ်ဆိုတာမျိုး ဘယ်တော့ ဖြစ်လာမယ် ဆိုတာကို Facebook ကပြောကြားခဲ့ခြင်း မရှိပါဘူး။

အမေရိကရောက် မြန်မာတွေအနေနဲ့ အသုံးပြုချင်တယ်ဆိုရင်တော့ Facebook Messenger ကို အောက်ပါ လင့် မှာ သွားရောက် ဒေါင်းယူနိုင်ပါတယ်။

0 comments:

Post a Comment