မမျှော်လင့်သော ...... အလွမ်း


တစ်ခါ ချစ်ခဲ့ဖူးတယ်
လူတစ်ယောက်လုံး သေချင်စော်နံသွားတာဘဲ
မျှော်လင့်ယုံကလွဲပြီး ဘာတပ်နိုင်မလဲ
ငါတို့ချစ်ခြင်းက လိုင်းပေါ်မှာလေ.......
နင်သိလား ?
ငါ နင့်ကို ချစ်မိသွားတော့
နင် အတွက် ငါ့ ဘာမှမရှီတဲ့  ဘ၀ထဲက
အချစ်တစ်ခုကို ငါ ကိုယ်တိုင် နင့်အတွက်ပေးခဲ့တာ
နင် သိလား
နင့်ကို ချစ်မိသွားတော့ 
ခပ်ဆိုးဆိုး အကျင့်တွေ
အကုန်ဖျောက်ချင်နေခဲ့တာ
နင်သိလား
နင့်ကို ငါချစ်မိသွားတော့
နင့် အတွက် ဘာမဆို လုပ်ပေးချင်ခဲ့တာ
နင် ဘာမှမသိခဲ့ဘူးနှော်
ချစ်ခြင်းဆိုတဲ့ သံစဉ်တစ်ခုကို ငါ ရူးမိုက်စွာ အော်ဟစ်ခဲ့သူပါ
မရည်ရွယ်ဘဲ အနှောက်အသွားမလွတ်တဲ့
နုံချာချာ အလွမ်းတွေနဲ့ဘဲ ပြီးဆုံးလိမ့်မယ်လို့
ငါ့ပေးဆပ်ခဲ့တဲ့ ချစ်ခြင်းက မမျှော်လင့်ခဲ့မှာမဟုတ်ဘူး.......

0 comments:

Post a Comment