Rcycler တဲ့ ယနေ့တိုင်ဒုက္ခပေးနေတဲ့ virus ပေါ့


မိမိရဲ့ ကွန်ပြူတာမှာ Recycler ဆိုတဲ့ Folder ကိုတွေ့ မြင်တတ်ရပါတယ်။ အလွယ်ပြောရရင်တော့ Delete လုပ်တဲ့ ဖိုင်တွေဟာက Recycle Bin ထဲမရောက်ပဲ သူ့ ထဲမှာ ရောက်နေတာ မျိုးပါ။ အဲဒီ Folder ကိုလည်းဖျတ်လို့ မရပါဘူး။
ဒီလို ဆက်လုပ်ဗျာ...။Unlocker ဆိုတဲ့ software ကိုအောက်မှာ download ချပြီး scan ပေးလိုက်ပါ။ ဖျက်လို့မရတဲ့ Folder ကို Right ကလစ်နှိပ်ပြီး Unlocker ဆိုတာကိုရွေးပေးပါ...။
ဒီမှာ  ဆော့ ဝဲလ် ဒေါင်းပါ..
ပုံမှာ ပြထားတဲ့အတိုင်း Delete ကိုရွေးပြီး OK ပေးလိုက်ပါ။ အဲဒါဆိုရင် အဆင်ပြေ သွားပါလိမ့်မယ်။ အားလုံးပဲ Virus ရန်က ကင်းဝေးနိုင်ကြပါစေ...။

Recycle Virus ရှင်းနည်း...(၁)

Recycle Virus ကြောင့် စိတ်ညစ်နေတဲ့ သူငယ်ချင်းများအတွက် ရှင်းရန်နည်းလမ်းလေးပါ...
ပထမအဆင့်အနေနဲ့
Ctrl + Alt + Del ကိုနှိပ်ပြီး Windows Task Manager ပြီးတဲ့အခါ Processes Tab ကိုသွားပါ။
CTFMON.EXE ရှာပြီး End Task လိုက်ပါ။ပြီးရင် Start Menu ထဲက CTFMON.EXE ကိုရှာပြီး ဖြတ်လိုက်ပါ။



ဒုတိယအဆင့် အနေနဲ့ကတော့
Run ကိုသွားပြီး cmd လိုရေးပြီး Enter ခေါက်လိုက်ပါ။အမဲရောင် Window တခုပေါ်လာပါလိမ့်မယ်။
ပြီးရင်အဲ့ဒီထဲမှာ ..
cd\ လို့ရေးပြီး Enter နှိပ်လိုက်ပါ။ attrib –r –s –h +a *.inf လို့်ရေးပြီး Enter နှိပ်လိုက်ပါ။
del autorun.inf လို့်ရေးပြီး Enter နှိပ်လိုက်ပါ။ attrib –r –s –h +a recycled လို့်ရေးပြီး Enter နှိပ်လိုက်ပါ။ cd recycled လို့်ရေးပြီး Enter နှိပ်လိုက်ပါ။ del *.* and confirm the deletion လို့ရေးပြီး Enter နှိပ်လိုက်ပါ။ cd\ လို့်ရေးပြီး Enter နှိပ်လိုက်ပါ။ rmdir recycled လို့်ရေးပြီး Enter နှိပ်လိုက်ပါ။

အပေါ်ကအဆင့်တွေကို ကျော်သွားပြီးဆိုရင် Recycler Virus ကပျောက်သွားပါ့လိမ့်မယ်။
မှတ်ချက်၊ ၊ အပေါ်က Code တွေတခါရေးပြီး ရင် Enter တခါခေါက်ပါ။
  unlocker ကို နဲ့ အသုံးပြုနိုင်ပါတယ်...ခင်ဗျာ..
အားလုံး Virus ရန်မှ ကင်းဝေးနိုင်ကြပါစေ ခင်ဗျာ...
RECYCLER Virus ရှင်းလင်းနည်း (၂)

ပထမအဆင့်အနေနဲ့
Folder Option ထဲက View မှာ အောက်မှာဖော်ပြထားတဲ့ Item တွေကို Uncheck ပေးထားလိုက်ပါ...။

>>display the contents of system folders

>>hide extensions for known file types

>>hide protected operating system files (Recommended)

ပြီးရင် Apply > Ok

ဗိုင်းရပ်စ်က Registry ထဲထိ ၀င်နေမယ်ဆိုရင်တော့ ကွန်ပြူတာ ပြန်ဖွင့်တိုင်းမှာ အသက်ပြန်ဝင်နေမှာပဲဖြစ်ပါတယ်။ ဒါဆိုရင် Registry ထဲကိုဝင်ပြီး ပြင်ဖို့  လိုအပ်ပါတယ်...။ အဲဒါကြောင့်

>>Start>>Run>>regedit>>Enter
>>Registry Editor Box မှာ ဘယ်ဘက်မှာ HKEY_LOCAL_MACHINE>>SOFTWARE>>Microsoft>>Active Setup>>Installed Components
အထိရောက်အောင်သွားပြီးတော့ ဒီနာမည်နဲ့ folder ကို
 {08B0E5C0-4FCB-11CF-AAX5-90401C608512} ဖျက်ပစ်ပါ...။
နောက်တစ်ခုကတော့
>>Start>>Run>>msconfig>>Enter
System Configuration Utility  ဆိုတဲ့ box ပေါ်လာမှာဖြစ်ပါတယ်...။
အဲ့ဒီ့က startup tab မှာ RECYCLER.exe ကိုရှာပြီး အမှတ်ခြစ်ထားတာကို ...ဖြုတ်ပေးပါ...။ နောက်ပြီး
အဲ့ဒီ့ဖိုင် ရှိတဲ့ လမ်းကြောင်းကိုကြည့်ပြီး အပေါ်က Regedit Editor မှာသွားဖျက်ပေးပါ...

RECYCLE Virus ရှင်းလင်းနည်း...(၃)


Recycler.exe ဗိုင်းရပ်စ်ဟာ jwgjvsq.vmx လို့အမည်ပေးထားတဲ့ worm-type အမျိုးအစားဗိုင်းရပ်စ်   ဖြစ်ပါတယ်။ အထူးသဖြင့် USB/portable Drives တို့က ကူးစက်သလို Network ကတစ်ဆင့် ပျံ့နှံ့လာတယ်လို့ သိရပါတယ်...။ ဖိုင်လ်ဒါနဲ့အတူ autorun.inf ဆိုတဲ့ ဖိုလ်ဒါတစ်ခုကိုလည်း သတိပြုမိပါလိမ့် မယ်...။ ၎င်း folder များကို Hidden လုပ်ဖျောက်ထားလို့ ပုံမှန်အားဖြင့် မမြင်ရပါ...။ ၎င်း Recycler folder ကို ထပ်ဖွင့်ကြည့်ရင် jwgkvsq.vmx ဆိုတဲ့ ဖိုင်ရှိပါတယ်...။ အဲဒီဒါဟာ ဗိုင်းရပ်စ်လား...၊ ဘယ်လိုကူးစက်   အောင်လုပ်ထားတယ်ဆိုတာ တော့ ဖိုင်ကိုဆက်ပြီး မဖွင့်ရဲလို့ မသိပါဘူး...။ Anti-virus ဆော့ဖ်ဝဲလ် အများစုက ၎င်းကို detect မလုပ်နိုင်သလို ဖျက်လို့လည်း မရပါ...။ အနီးဆုံးတူတဲ့ ဗိုင်းရပ်စ်များကို ရှာကြည့်တဲ့အခါ w32/confi, W32/Conficker.worm!inf, Win32/Conficker.B-CA လို့တွေ့ရပါတယ်...။
အဲ့ဒါမျိုးတွေ စက်ထဲ ကူးစက်နေပြီဆိုရင်....
၁) စက်ကသိသာစွာ လေးလံနှေးကွေးသွားမှာပါ...။
၂) Network ချိတ်ဆက်ထားတဲ့ ကွန်ပျူတာများကိုလည်း ကူးစက်ပါတယ်...။
၃) USB များသို့ ကူးစက်ပါတယ်...။ USB Port မှာလာတပ်တဲ့ USB Drive, Flash Drives, portable external hard drives, mobile phone, mp3 players စသည်တို့ကိုလည်း ကူးပါလိမ့်မယ်...။
ဘာတွေဖြစ်မလဲဆိုတော့ “Show Hidden Files and Folders” အလုပ်မလုပ်နိုင်တော့ပါ။ Tools/Folder Options/View (tab) က “Show hidden files and folders” ကိုရွေးချယ်လိုက်ပေမယ့် ပြန်ထွက်တဲ့အခါ “Do Not Show Hidden Files and Folders” ပြန်ဖြစ်သွားပါလိမ့်မယ်...။ ဒါဆိုရင် ဗိုင်းရပ်စ်ကူးနေပါပြီ...။
ကွန်ပျူတာမှာ ခုနကပြောတဲ့ Drives တပ်လိုက်တာနဲ့ autorun.inf ဖိုင်နဲ့ RECYCLER folder ကို တည်ဆောက်ပါလိမ့်မယ်...။ အဲဒီအထဲမှာ jwgkvsq.vmx virus ဖိုင်က တခါတည်းပါသွားမှာပါ ...။
အဲ့ဒီအကောင် ၀င်ရောက်ပြီး အချိန်ကြာလာတာနဲ့ အမျှ network သုံးလို့မရတော့ပါဘူး...တစ်ချို့ဆို အင်တာနက် လိုင်းတွေနဲ့ Viurs နဲ့ဆိုင်တဲ့ Website တွေတောင် ၀င်လို့မရတော့ဘူးလို့ဆိုပါတယ်...။
Safe Mode ၀င်ဖို့ ကြိုးစားတိုင်း ကွန်ပျူတာသည် Restart ပြန်ဖြစ်နေပါမယ်...။ဒါမှ မဟုတ် shutdown ဖြစ်သွားပါလိမ့်မယ်...။...... အဲဒီ့အကောင်ကိုဖြေရှင်းဖို့

အဆင့် (၁)
၁)“Fix Downadup.exe ”  တကယ်လို့ ဒေါင်းလို့မရရင်
၂)anti-Downadup-EN.zip
3) Process Explorer နဲ့ Autoruns လိုအပ်တဲ့ ဆော့ဖ်ဝဲတွေရပြီဆိုရင် ကွန်ပျူတာမှာ Network တွေဖြုတ်
ထားလိုက်ပါ...။ FixDownadup.exe ကို run ပါ...။ ၎င်းသည် ဗိုင်းရပ်စ်များကို ရှင်းထုတ်နိုင်ပါတယ်...။ Scanning လုပ်ပြီးတာနဲ့ Report ပေါ်လာပါလိမ့်မယ်...။ ၎င်း Report မှာ W32.Downadup ကိုအောင်မြင်စွာ ဖယ်ထုတ်ပြီးကြောင်း ဖေါ်ပြပါလိမ့်မယ်...။ ထို့အတူ ကွန်ပျူတာကို Restart ပြန်လုပ်ဖို့နဲ့ MS08-067 အတွက် Patch ကို တင်ပေးမယ်လို့ ပြပါမယ်...။ ကွန်ပျူတာကို Restart ပြန်လုပ်ပါ...။

အဆင့် (၂)
USB Device များမှ ဖယ်ထုတ်ခြင်း USBကနေ jwgkvsq.vmx ဗိုင်းရပ်စ်ကို သတ်ရပါအုံးမယ်...။ ကွန်ပျူတာကို Safe Mode နဲ့ဖွင့်ပါ...(F8)။  ပေါ်လာတဲ့ Menu ကနေ Safe Mode ကိုရွေးချယ်ပါ...။ USB Port မှာ USB Device ကိုတပ်ပါ...။ ရဲရဲသာတပ်လိုက်ပါ...Safe Mode မှာ autorun.inf ဖိုင်မပွင့်ပါဘူး...။ Tools/Folder Options/View(tab) ကနေ “Show Hidden Files and Folders” ကိုဖွင့်ပါ...။ Autorun.inf ဖိုင် သို့မဟုတ် folder ကို Shirt +Delete နဲ့ဖျက်ပါ...။ RECYCLER ဖိုလ်ဒါကိုလည်း ဖျက်ပါ။

အဆင့်(၃)
RECYCLER ကိုဖျက်ခြင်း
အထက်ဖေါ်ပြပါအတိုင်း ဆောင်ရွက်ရာမှာ RECYCLER ဖိုလ်ဒါကို ဖျက်မရပါက ၎င်းကိုအရင် Disable လုပ်ကြည့်ပါမယ်...။ Desktop ပေါ်က Recycle Bin (icon) ကို Right Click နှိပ်ပြီး Properties ကို ရွေးချယ်ပါ...။ ၎င်းတွင် “Configure Drives Independently” ကိုရွေးချယ်ပါ...။ ပြီးတော့ External Drive ရှိရာသို့ ပြောင်းပြီး “Do not move files to the recycle bin” ကိုရွေးချယ်ပါ။ Apply. OK လုပ်ပါ...။ အကယ်၍ Flash Drive ဖြစ်ပါက MoSo Force Delete ဆော့ဖ်ဝဲကို အသုံးပြုပြီး Delete လုပ်ပါ။
အဲ့ဒီ့နည်းတွေနဲ့မှ မရရင် Unlocker ကိုသုံးပြီး ဖျက်ပစ်ပါ...။

အဆင့် (၄ )
Registry  
Run (box) မှာ regedit လို့ရိုက်ထည့်ပြီး Registry Editor သို့ဝင်ပါ...။ Jwgkvsq.vmx ဖိုင်အမည်ကို ရှာပါ...။ တွေ့ရင် Right Click လုပ်ပြီး Delete လုပ်ပါ...။ တကယ်လို့ သင့်ကွန်ပျူတာမှာ Network ရှိတယ်ဆိုရင် အခြားဆက်သွယ်ထားတဲ့ ကွန်ပျူတာအားလုံးကိုလည်း စစ်ဆေးသင့်ပါတယ်...။ ဒါမှမဟုတ်ရင် သင့်ကွန်ပျူတာကို ဗိုင်းရပ်စ်ပြန်ကူးဖို့ လွယ်ကူနေပါလိမ့်မယ်။ အားလုံးကို အဆင့်အတိုင်းသွားပါ...။ အရင်တင်ပေးတာတွေနဲ့လည်း စမ်းသပ်နိုင်ပါတယ်...ကဲ သူငယ်ချင်းတို့ Virus နှင့် နပန်းလုံးခြင်းမှ ကင်းဝေးနိုင်ကြပါစေဗျာ..... 

0 comments:

Post a Comment