ရင်နာတယ်

ဘယ်သူမုန်းခိုင်းတာတဲ့လဲ
သူစိမ်းတစ်ယောက်ကိုကြည့်တဲ့
မျက်လုံးတွေနဲ့
ငါ့ကိုပက်ပက်စက်စက်ကြည့်ပြီးမှ
မုန်းတယ်လို့ပြောလိုက်စမ်းပါ
မျက်ရည်တွေဝဲနေပါလျှက်နဲ့
ဘာကြောင့်ရက်စက်ချင်ရတာလဲ...
မျက်ရည်မကျကြေးလို့
စိမ်ခေါ်မိရင်တောင်မှ
တို့နှစ်ယောက်လုံးငိုကြွေးကြရမှာပါ
ငါ ရင်နာတယ် ချစ်သူ ရယ်....
        (ဇော်မျိုးဦး)

0 comments:

Post a Comment