သိမှတ်ဖွယ်ရာ ကဗျာ

လာတုန်းကလည်း တစ်ယောက်တည်းနော်

လက်တွဲခေါ်ကာ ဖော်မပါဘူး

ဥစ္စာချည်းနှီးတစ်ကိုယ်တည်း

ပြန်သွားတော့လည်းတစ်ယောက်တည်းနော်

လက်တွဲခေါ်ကာဖော်မပါဘူး

ဥစ္စာချည်းနှီးတစ်ကိုယ်တည်း

လာပြီးတော့ နားမသွားသေးခင်

ချိန်လေးတွင်းမှာ ၀န်းကျင်ယှက်နွယ်

နှောင်ကြိုးသွယ်ခဲ့

ပြုံးရယ်မဲ့ငို ချစ်မုန်းပိုကြ

မလိုဒေါသလိုလောဘနှင့်

ဘ၀ရိပ်မြုံ ကကြိုးစုံခဲ့

ကံကုန်မိုးချုပ် လက်တွဲဖြုတ်ခါ

သုတ်သုတ်စောလျင် ခရီးနှင်သည်

ဒို့လျင် ဧည့်သည်ပါတကား။...........

0 comments:

Post a Comment