Showing posts with label ထူးဆန်းထွေလာ. Show all posts
Showing posts with label ထူးဆန်းထွေလာ. Show all posts

ထူးခြားဆန်းပြား ရေအောက်သွား ဘီးတပ် ကုလားထိုင်

ထူးခြားဆန်းပြား ရေအောက်သွား ဘီးတပ် ကုလားထိုင်

 

ဗြိတိန် အမျိုးသမီး တစ်ဦးဖြစ်သူ ဆူးအက်စ်တင် သည် ရေအောက် အသက်ရှူကိရိယာများ တပ်ဆင်
၍ရေအောက် ဘီးတပ် ကုလားထိုင် ဖြင့် သမုဒ္ဒရာ အတွင်း ထူးထူးခြားခြား စွမ်းဆောင်မှုများ
ပြသခဲ့ကြောင်း သိရသည်။

သူမသည် အဆိုပါ ရေအောက် ဘီးတပ် ကုလားထိုင်ကို တည်ဆောက် ရန် ၂ဝဝ၅ ခုနှစ်တွင်
ရေအောက် အသက်ရှူ ကိရိယာဖြင့် ရေငုပ်ခြင်း ကို သင်ယူခဲ့ပြီးနောက် အကြံရရှိခဲ့ ခြင်းဖြစ်သည်။
အဆိုပါ ဘီးတပ် ကုလားထိုင်၏ အောက်တွင် တွန်းကန်မှု စနစ် နှစ်ခု ပါရှိသည်။
မောင်းနှင်မှုကို ယူပုံ သဏ္ဌာန် ရေယက်ဖြင့် ထိန်းသိမ်း လုပ်ဆောင်ကြောင်း သိရသည်။
အဆိုပါ အမျိုးသမီး သည် ၁၉၉၆ ခုနှစ် မှစ၍ ဘီးတပ် ကုလားထိုင် အသုံးပြုခဲ့ ရပြီး
၎င်းရေအောက် ဘီးတပ် ကုလားထိုင် ကို အင်ဂျင်နီယာ များ၏ အကူအညီဖြင့် ပြုလုပ် ခဲ့ခြင်းဖြစ် သည်။

သို့ရာတွင် အဆိုပါ ရေအောက် ဘီးတပ် ကုလားထိုင် ၏ ပြဿနာ တစ်ခုမှာ သံချေး တက်ခြင်း
ဖြစ် သော ကြောင့်
အနာဂတ်တွင် ထပ်မံ ထုတ်လုပ်မည့် ရေအောက် ဘီးတပ် ကုလား ထိုင်ကို တိုက်တေနီယမ်
သတ္တုဖြင့် ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရသည်။