Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

ကာရံမဲ့ကဗျာတစ်ပုဒ်...

ညီမရေ.....ရင်နဲ့ ရင်းပြီး
ရေးစပ်ခဲ့တဲ့ ငါ့ကဗျာတွေ
ကာရန်မဲ့ခဲ့ပေမဲ့
စည်းချက်ကာရံညီတဲ့ ရင်ခုန်သံနဲ့ 
ချစ်ခြင်းတစ်ခုကို.....
ငါမင်းအတွက်အမြတ်တနိုး
ထုဆစ်ခဲ့တာပါ။

မျှော်လင့်တိုင်း လွဲချော်တတ်တဲ့ငါ
ဖန်တီးသမျှဆုံးရှုံးဖို့ ဖြစ်လာခဲ့တာလည်း
မထူးဆန်းတော့ပါဘူး ။
သဘာဝတရားလို့ဖြေသိမ့်ဖို့ အတွက်လည်း
ရင်ခွင်မှာ အားမရှိဘူး ။
ခံစားချက်ရှိမှလေးနက်မယ့် အရာရာအတွက်
ကာရံမဲ့ ကဗျာတွေရေးရင်း
ငါ့ဘ၀လည်း
ကာရံမဲ့သွားပြီထင်တယ်ပါ.......

စိတ်ကူးယဉ်အိပ်မက်ကမ္ဘာ



စိတ်ကူးယဉ်အိပ်မက်ကမ္ဘာ
တူလိုက်ခဲ့ပါလား ...စံပယ်ရယ်
အမုန်းမသိ
အရှုံးမရှိပဲ
နူးညံ့တဲ့အချစ်တွေ
ရင်ခုန်ခြင်းတွေသာ
မင်းအတွက်အပြည့်ရှိတယ်.....

ကိုယ်ပိုင်ဆိုင်ထားတဲ့
မင်းနဲ့သက်ဆိုင်တဲ့နေရာလေးကို
ချစ်သူလိုက်နိုင်မယ်ဆိုခဲ့ရင်
အချိန်လေးတစ်ခုသာပေးလိုက်ပါကွာ

ကိုယ့်နှလုံးသားလေးနဲ့
မင်းနှလုံးသားလေးကို
ထပ်တူပြုလို့
ကိုယ့်ရဲ့ရင်ခွင်နန်းတော်
စိတ်ကူးယဉ်အိပ်မက်လေးကို
တူတူသွားရအောင်နော်....

လမင်းရဲ့နေရာ


ဘာမှ မျှော်လင့်မထားဘူး.....
ကြားဟန်မဆိုစကားမချိုနဲ့.........
ပုလဲဥသီမျက်ရည်စီးလဲ....
ဝေးဝေးလေးက .....ပြုံးပြနေရင် ကြည်နူးတယ်.....
ဘာမှ မလိုချင်ဘူး...
မျက်ဝန်းတစ်ကြည့်...ရင်ရဲ့နွေးရာ...
မျက်တောင်ဖြာကော့ ညိုမှောင်ကြော့မှာ...
မျှော်ကြည့်နေရင် ကြည်နူးတယ်......

ဘာမှ..မရှိချင်ဘူး..
သံဇဉ်ချိုမြအလှတရား..
ချစ်သူအပါးမှာ တီတာခွန်းဆင့်...
အလွမ်းနှင့်လူ ရင်အပူမီး...
ချစ်သူ...မသိလည်း..
ချစ်သူ ရှိနေရင်ကြည်နူးမိတယ်...

♥♥အလွမ်း♥♥


















ညရဲ့ လမင်း
ပျောက်ကွယ်လို့ မှောင်မိုက်
ဒါပေမယ့်လည်း နင်ရှိနေရင်
လသာဖို့လဲ မလိုဘူးလို့ ငါဟစ်ကြွေးခဲ့ဖူးတယ်...
ဖမ်းဆုပ် မရ
တမ်းတ ရတဲ့ ညတွေ များလာတော့
ငါ တစ်ယောက်ထဲ အလွမ်းညတွေထဲက
ရုန်းထွက်ဖို့ ခွန်အားလည်း မဲ့နေပြီ ချစ်သူ...

နှလုံးသားက မြည်ဟိန်းတဲ့
နင့်နာမည်လေး တစ်ခုနဲ့တင်
ဝုန်းခနဲ ပြိုသွားတဲ့ ရင်ခွင် နင် အသိမှတ်မပြုလဲ
ကံတရားကို အပြစ်ပုံချဖို့ ငါမကြိုးစားချင်တော့ဘူး...
လွမ်းသမျှ ပြာချပစ်နေလဲ
ခါချလို့မရတဲ့ သတိရစိတ်တွေက
အချိန်နဲ့အမျှ ဒီရေတွေလို တိုးနေမှတော့
ခံနိုင်ရည်ဆိုတာလည်း ယဲ့ယဲ့လေးပဲ ကျန်တာ သဘာဝကျပါတယ်လေ...
မမြင်ရတဲ့ သံယောဇဉ်ရယ်
ကိုင်တွယ်လို့မရတဲ့ ချစ်ခြင်းရယ်
သက်သေပြစရာမရှိတဲ့ တမ်းတခြင်းတွေနဲ့အတူ
အစမ်းသပ်ခံ နှလုံးသားအဖြစ်နဲ့ ငါစောင့်ကြိုနေမိတယ်...
နိုင်မနိုင် မသိတဲ့
ကံကြမ္မာကို လောင်ကြေးထပ်တဲ့ ပွဲ
နှလုံးသားချင်း စီးချင်းထိုးလို့ အနားသတ်တွေ မလှပတော့ရင်လဲ
ရင့်ကျက်မှု ကာရံတစ်ချပ်တော့ ကျန်ကောင်းပါရဲ့.. ချစ်သူ
တိုက်ခိုက်ကြတဲ့
သွေးထိုးစကားတွေက လေထဲကဆိုပေမယ့်
ငါ့မာနတွေ တဖျပ်ဖျပ်နဲ့ ခပ်ဆတ်ဆတ် နာလှပြီ...
ခါးခဲ့ဖူးတဲ့ ဘဝက အတ္တနဲ့ ယှဉ်ပြိုင်ပြီး
မာနတွေ ခဝါချ၊ ဘဝအတွက် ရင်းခဲ့ရတဲ့ နှလုံးသားတစ်စုံ
နင်းခြေလို့ ကြေမွ ပြာကျသွားရင်တောင် ငါ့ရင်ဘတ် တစ်စုံက
အသက်မဲ့ ရုပ်ကြွင်း တစ်ခုအဖြစ်နဲ့ နင့်ခံစားချက် ပြတိုက်ထဲမှာ
ဘောင်တော့ဝင်ခဲ့စေချင်တယ်...ချစ်သူ
ထုံးလိုမွှေ၊ ရေလိုနှောက်
ခေါက်ချင်ရာ ခေါက်ထားခံရတဲ့သူ အဖြစ်နဲ့
အပြုံးမပျက်နေခဲ့တာ ရင်ထဲက အချစ်တွေ
နင်မြင်ရင် အနှစ်အဖြစ် ပြောင်းလဲမလားဆိုတဲ့ မျှော်လင့်ချက် ပါးပါးလေးနဲ့
ခေါင်းငုံ့လို့ မမြင်ယောင်ဆောင် ဟန်ဆောင်ပြိး အကွက်ရွေ့လဲ
ငါဘက်ကတော့ ချစ်တယ် ဆိုတဲ့စကားထက် နင့်ကို အလေးအနက် ထားခဲ့တာပါ..
ဘဝမှာ
အလိုချင်ဆုံး ဆန္ဒတစ်ခုကို
ပြောရမယ်ဆို " နောက်ဆုံးအချစ်နဲ့လက်တွဲဖော် " ဖြစ်ချင်ခဲ့တာ..
မျှော်လင့်နေတဲ့ တစုံတရာ...
နာကျင်တဲ့ အလွမ်း...
ခါးလှတဲ့ ဥပေက္ခာ...
ရင်ထဲက ဆန္ဒ..
ယုံကြည်မှု တံတိုင်းနဲ့
ကာရံမိတဲ့ ချစ်ခြင်းတစ်စုံ..
မပြောဖြစ်တဲ့ ရင်တွင်းစကား..
ခံစားချက် အားလုံးနဲ့အတူ ဒီတစ်ညလည်း " အလွမ်းည " ဖြစ်သွားရပြန်ပြီ ချစ်သူ...။

အားလုံးဖတ်စေချင်သော အရမ်းကောင်းတဲ့ စာစုလေးများ


[ Please click me tender ]
(၁) တကယ်လို့ ကိုယ့်ကိုအဖော်ပြုပေးသူမရှိတဲ့
အခါ တစ်ယောက်တည်း သီချင်းနားထောင်ပါ၊
စာဖတ်ပါ၊ စာရေးပါ။ ဒါဟာ ကောင်းတဲ့အကျင့်ဖြစ်တယ်။

(၂) တကယ်လို့ တစ်ယောက်တည်း အထီးကျန်ဝမ်းနည်းတဲ့အခါ ထောင့်တစ်နေရာမှာ
ဒါမှမဟုတ် စောင်ခေါင်းမြီးခြုံပြီး ငိုလိုက်ပါ။ တခြားလူရဲ့နှစ်သိမ့်မှုတွေ
မလိုပါဘူး။ ငိုပြီးတာနဲ့ စိတ်တွေလန်းဆန်းလာလိမ့်မယ်။

(၃) စိတ်ထိခိုက်တဲ့အခါ ယုံကြည်ရတဲ့သူငယ်ချင်းကို ရင်ဖွင့်ပါ။
တစ်ယောက်တည်း စိတ်ညစ်စရာတွေကို ရင်ထဲသိုဝှက်ထားရင် ကိုယ့်ကိုယ်ပိုပြီး
စိတ်ထိခိုက်စေတယ်။

(၄) မပျော်ရွှင်တဲ့အချိန်မှာ ကောင်းကင်ပြာကို မော်ကြည့်ပါ။ ကြယ်တွေကို
ရေတွက်ပါ။ အပြောကျယ်တဲ့ကောင်းကင်မှာ ကိုယ်နဲ့သက်ဆိုင်တဲ့
အချစ်တစ်ခုတော့ရှိလိမ့်မယ်။ "ငါ မဆိုးဘူး" ဆိုပြီး ကိုယ့်ကိုယ်
ယုံကြည်မှုတစ်ခုတော့ပေးပါ။

(၅) မိသားစုအပါအဝင် ကိုယ်နှစ်သက်တဲ့သူရဲ့ မွေးနေ့ကိုမှတ်ထားပါ။
ကိုယ့်မွေးနေ့ကိုလည်း မှတ်ထားပါ။ မွေးနေ့မှာ လက်ဆောင်ပေးသူမရှိရင်
ဝမ်းမနည်းပါနဲ့။ လှပတဲ့လက်ဆောင်တွေဝယ်ပြီး အဖေ၊ အမေကို ပေးနိုင်ပါတယ်။

(၆) အားလပ်ချိန်မှာ ငြိမ့်ညောင်းတဲ့ သီချင်းလေးတွေ နားထောင်ပါ၊
စာကောင်းလေးတွေရှာဖတ်ပါ။ ခဏတာ အိပ်စက်ပါ။

(၇) အခုချိန်ကစပြီး ထက်မြက်သူဖြစ်ပါစေ။ ငါ့ကိုလွမ်းလား? ချစ်လားလို့
တစ်ဘက်သားကို သွားမမေ့ပါနဲ့။ တကယ်လို့ သူလွမ်းရင်၊ သူချစ်ရင်
သူဘာသာသူပြောလိမ့်မယ်။ ကိုယ်သွားမေးနေရင် သူဘဝင်မြင့်သွားလိမ့်မယ်။

(၈) ကိစ္စတချို့၊ လူတချို့ကြောင့် ကိုယ့်ကိုယ် သိပ်မရက်စက်မိစေနဲ့။ ဥပမာ-
ထမင်းမစားတာ၊ ငိုတာ၊ အခန်းအောင်းတာ၊ စိတ်အနှောင့်အယှက်ဖြစ်တာ... ဒါတွေက
လူနုံ့လူအတွေ လုပ်တဲ့အလုပ်ဖြစ်တယ်။ တစ်ခါတလေမှာ နုံ့အတာပဲ

(၉) ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်
ဖြစ် သူတစ်ပါးနောက်ကွယ်မှာ
သူ့မကောင်းကြောင်း မပြောပါနဲ့။ ပြောခဲ့ရင်လည်း ကောင်းကြောင်းပဲပြောပါ။
မိတ်ဆွေတစ်ဦးပိုတာက ရန်သူတစ်ယောက်တိုးတာထက် ပိုကောင်းပါတယ်။

(၁ဝ) တစ်ခါတလေမှာ ကားပိုင်းဆက်တွေ ကြည့်လို့ရတယ်။ ဒါပေမယ့်
မှိန်းမသွားရဘူး။ တစ်ခါတလေမှာ ဆံပင်တွေ ရှုပ်ပွကြည့်လို့ရတယ်။ ဒါပေမယ့်
အချိန်အခါနဲ့ ကိုက်ညီရမယ်။ တစ်ခါတလေမှာ ညစ်ညစ်ပတ်ပတ်တွေ ဆဲကြည့်လို့ရတယ်။
ဒါပေမယ့် ကိုယ့်တစ်ယောက်တည်းရှိချိန် ဒါမှမဟုတ်
အရင်းဆုံးသူငယ်ချင်းရှေ့ဖြစ်ရမယ်။ ဆဲပြီးတာနဲ့
ကိုယ့်ကိုစိတ်ညစ်စေတဲ့အရာတွေ မေ့ပစ်နိုင်ရမယ်။

(၁၁) အတတ်နိုင်ဆုံး လူတွေနဲ့မငြင်းခုန်မိအောင် ကြိုးစားပါ။
ဒေါသထွက်နေသူတစ်ယောက်က ကိုယ့်ခံစားချက်ကိုမထိန်းနိုင်တဲ့
အရူးတစ်ယောက်နဲ့တူပြီး အရမ်းကြောက်ဖို့ကောင်းပါတယ်။ သည်းခံပြီး
ပြဿနာရင်းမြစ်ကိုရှာပါ။ စိတ်တွေတည်ငြိမ်ချိန်မှ ဖြေရှင်းပါ။

ချစ်ဖို့မလောနဲ့ အချိန်ပေးပါ


ချစ်သူရည်းစားဖြစ်ပြီးတဲ့လူနှစ်
ဦးက ကိုယ်ဟာသူ့ရင်ထဲကချစ်သူ
ဟုတ်မဟုတ်ဆိုတာကိုသိဖို့ အချိန်တအောင့်လောက် လိုအပ်တယ်။
အဲဒီအချိန်တအောင့်က နှစ်ချီကြာနိုင်သလို တချို့က တစ်သက်၊ တစ်ဘဝအချိန်ကို
အသုံးပြုပြီးမှ တစ်ဘက်သားကို နားလည်ကြရတယ်။

အကြံ(၁)

pheromone နည်းနည်းလျော့ပါ အသိဉာဏ်များများပိုပါ

ချစ်နေချိန်မှာ မျက်စိနဲ့ သေချာလေ့လာရတဲ့အပြင် ရုပ်ပိုင်းဆိုင်ရာကိုလည်း
ကိုက်ညှိကြည့်ဖို့ လိုအပ်တယ်။ ချစ်စမှာ လူတွေက မျက်ကန်းဆန်ပြီး
တစ်ဘက်သားကို အကောင်းပဲမြင်တတ်ကြတယ်။ ဒါတွေက ချစ်နေချိန်မှာ
လူ့ခန္ဓာကထွက်တဲ့ pheromoneကြောင့် မျက်ကန်းဆန်စေတာဖြစ်တယ်။ pheromone
ကြောင့် ချစ်နေချိန်မှာ တစ်ဘက်သားရဲ့အလှ၊ အကောင်းကိုပဲမြင်ခဲ့တယ်။
ဒါကြောင့် "အချစ်မှာမျက်စိမရှိ"ဆိုတဲ့ စကားပေါ်လာခဲ့တာဖြစ်တယ်။

ချစ်သူဖြစ်ပြီး သက်တမ်းအနည်းငယ်အကြာမှာ pheromoneက ပုံမှန်အနေအထားကို
ပြန်ရောက်သွားတယ်။ ဒီလိုအနေအထားဖြစ်ဖို့ နှစ်ဝက်ကျော်လောက် ကြာတတ်တယ်။
အဲဒီအချိန်ကျရင် တစ်ဘက်သားကို ကိုယ်တစ်ကယ်ချစ်မချစ်၊
သင့်မသင့်တော်ဆိုတာကို လေ့လာဆန်းစစ်နိုင်တယ်။ ဒါပေမယ့် တချို့ချစ်သူတွေက
နှစ်ဝက်တောင်မခံဘဲ pheromone လျော့နည်းချိန်မှာ လမ်းခွဲကြရတယ်။ ဒါကြောင့်
အချစ်မှာ ချစ်ဖို့ သံစဉ်တွေလိုအပ်တယ်။ ချစ်စမှာ ဖြေးဖြေးချင်းနဲ့
ချစ်သံစဉ်တွေ အဆုံးထိ တီးခတ်သီဆိုနိုင်ဖို့ လိုအပ်တယ်။ ဒါမှမဟုတ်ရင်
လှပတဲ့သီချင်းတစ်ပုဒ်က သံစဉ်ကြောင့်ပျက်သွားနိုင်တယ်။

အကြံ (၂)

သူနဲ့မတူချင်ရင် သူ့ကိုမချစ်ပါနဲ့

ချစ်နေချိန်မှာ အချင်းချင်း တူညီသက်ရောက်နိုင်ဖို့ တစ်ဘက်သားကအရေးပါတယ်။
တစ်ဘက်သားရဲ့ အပြောအဆို၊ နှစ်သက်တဲ့အစားအသောက်တွေကို မသိမသာနဲ့
ကိုယ်သင်ယူမိတတ်တယ်။ နောက်ဆုံးမှာ ရုပ်ပါဖြေးဖြေးဆင်လာတာကို တွေ့ရတယ်။
ဒါကြောင့် အခုချိန်မှာ ကိုယ်ဟာ "ကိုယ်နဲ့မတူချင်တဲ့ လူတစ်ယောက်"နဲ့ချစ်သူဖြစ်နေခဲ့ရင် ခဏလောက်တော့ ကိုယ့်ကိုယ်ဆန်းစစ်ကြည့်သင့်တယ်။ သူ့ကိုကိုယ်တကယ်ချစ်သလား?

တစ်ကြိမ်မှာတော့ ဇီဇာကြောင်တဲ့လူတစ်ယောက်နဲ့ ကျွန်မချစ်သူဖြစ်ခဲ့ဖူးတယ်။
သူနဲ့ နိုင်ငံခြားအတူ သွားလည်တဲ့အခေါက် မိတ်ဆွေတစ်ဦးအိမ်မှာ
ကျွန်မတို့ထမင်းအတူစားခဲ့ကြတယ်။ ထမင်းစားပြီးနောက် သူကမျက်ရိပ်နဲ့
ကျွန်မကို ပန်းကန်ဆေးကူသင့်ကြောင်းပြတယ်။ မိတ်ဆွေအိမ်မှာ
ပန်းကန်ဆေးစက်ရှိပေမယ့် ကျွန်မရဲ့အကျင့်က
သူတစ်ပါးဂရုစိုက်စောင့်ကြည့်တာမျိုးကို နှစ်သက်တာကြောင့် သူ့စိတ်ကြိုက်
ပန်းကန်တွေအများကြီးဆေးခဲ့ဖူးတယ်။ ဒါနဲ့တင် သူကမကျေနပ်ခဲ့ဘူး။
အဲဒီခရီးမှာ ကျွန်မတို့ အကြိမ်ကြိမ်ငြင်းခုန်ခဲ့ကြရတယ်။ ခရီးတစ်လျှောက်
တင်းမာနေတဲ့ သူ့မျက်ရိပ်မျက်ကဲကိုပဲ ကျွန်မကြောက်ကြောက်ရွံ့ရွံ့
ကြည့်ခဲ့ရတယ်။ ကိုယ့်နိုင်ငံပြန်ရောက်တာနဲ့ သူ့ကိုဖြတ်ပစ်မယ်လို့
စိတ်ထဲမှာတိတ်တိတ်လေး ကျွန်မဆုံးဖြတ်လိုက်တယ်။
သူရဲ့ချစ်သူမဖြစ်ချင်တော့တဲ့အပြင် သူ့ကိုကျွန်မကြည့်လည်း
မကြည့်ချင်ခဲ့တော့ဘူး။


အဲဒီတစ်ခေါက်မှာ အချစ်ကို စိတ်အစွဲအလမ်းနဲ့ပဲ ချစ်လို့မရမှန်း
ကျွန်မသိလိုက်ရတယ်။ "ခရီးဝေးမှ မြင်းရဲ့ခံနိုင်အားကိုသိတယ်။
ပေါင်းသင်းတာကြာမှာ လူ့စိတ်ကိုသိတယ်" ဆိုသလိုမျိုး
သူ့စိတ်ကိုလုံးလုံးသိပြီး သူနဲ့မတူချင်ခဲ့ရင် စောစောစီးစီး
လမ်းခွဲလိုက်ကြတာပိုကောင်းတယ်။ တကယ်လို့ သူ့ရဲ့အလေ့အထကို သိပြီးသည့်တိုင်
သူ့ကိုဆက်ချစ်နေသေးတယ်ဆိုရင် သူဟာ ကိုယ်တကယ်ပေးဆပ်သင့်သူဖြစ်ခဲ့ပါ
တယ်။

အကြံ (၃)

အခက်အခဲကြုံချိန်မှ အချစ်ရဲ့ရုပ်ပုံစစ်ကို မြင်ရတယ်

အချစ်ခရီးလမ်းက နေရောင်ခြည်ပဲ ထွန်းတောက်နေမှာမဟုတ်ပါဘူး။ တစ်ခါတလေ
မတော်တဆတွေနဲ့လည်း ကြုံရတတ်တယ်။ ဒါဟာ အချစ်ကိုစမ်းသပ်တဲ့ အကောင်းဆုံး
အခွင့်အရေးဖြစ်တယ်။ မိသားစုဝင် တစ်ယောက်ယောက် ဆေးရုံတက်ရတယ် ဒါမှမဟုတ်
ကုမ္ပဏီက ရုတ်တရက် အရေးအကြောင်းရှိလာတယ် ဒီလိုမတော်တဆတွေက
အချစ်ကိုသက်ရောက်စေတတ်တယ်။ ဒီလိုအခက်အခဲကြုံချိန်
အမြဲတွေ့နေကြချစ်သူနှစ်ဦးက ခေတ္တခဏတော့ ခွဲကြရတယ်။ ဒီလိုအချိန်မှာ
ကိုယ့်ရဲ့လိုအပ်မှုကို ချစ်သူက ဘယ်လိုအကူအညီပေးသလဲ! အကြံပေးသလဲ! ဒါတွေက
ချစ်သူနှစ်ဦးရဲ့အနာဂတ်အတွက် အဆုံးအဖြတ်ပေးတတ်တယ်။

မတော်တဆဖြစ်ချိန် ကိုယ့်ကိစ္စကို သူ့ကိစ္စလိုသဘောထားပြီး
ကူညီဖြေရှင်းပေးတဲ့ချစ်သူ၊ ကိုယ့်လုံခြုံမှု၊ ကိုယ့်ပျော်ရွှင်မှုကို
ရှေ့တန်းတင်တတ်တဲ့ချစ်သူမျိုးကိ
ု ကျွန်မတို့က ယုံယုံကြည်ကြည်နဲ့
ချစ်သင့်ပါတယ်။ ချစ်ရတာလည်း တန်ပါတယ်။

တကယ်လို့ မတော်တဆဖြစ်ချိန် အလုပ်များတာကိုအကြောင်းပြပြီး
ကိုယ့်ကိုရှောင်ဖယ်တတ်တဲ့ချစ်သူ၊ အရာအားလုံးပြီးငြိမ်းမှ
"အဆင်ပြေလား?"ဆိုပြီး ကိုယ့်ဆီပြန်လာတတ်တဲ့ ချစ်သူမျိုးကိုတော့
ချစ်ရတာမထိုက်တန်ပါဘူး။
အကြံ (၄)

ပြောင်းလဲဖို့ အချိန်ပေးပါ

အချစ်ကိုစွန့်ခွါချိန် အလျှင်စလိုမလုပ်ဘဲ ပြောင်းလဲဖို့
သူ့ကိုအချိန်ပေးသင့်ပါတယ်။ အခုချိန် သူ့ဆီမှာ အားနည်းချက်တွေ
တပုံကြီးရှိတယ်ဆိုပေမယ့် ပြောင်းလဲပြုပြင်ဖို့ သူကိုယ်တိုင်
သင်ယူလိုစိတ်ရှိတယ်ဆိုရင် သူဟာ ကိုယ့်အတွက်အဖော်ကောင်းတစ်ယောက်
ဖြစ်နိုင်ပါတယ်။ ကျွန်မအဖေလိုမျိုး နုရွယ်စဉ်မှာ ဗွေရှုပ်ခဲ့တယ်။
အသက်ကြီးလာတော့ အိမ်အတွက်၊ မိသားစုအတွက် တစ်လျှောက်လုံး
ပေးဆပ်လာခဲ့တဲ့အမေကိုကြည့်ပြီး သူလည်းပြောင်းလဲလာခဲ့တယ်။
အမေကိုပြန်ပေးဆပ်တတ်ဖို့ သူသင်ယူခဲ့တယ်။ ဘဝတစ်လျှောက်မှာ သားသမီး၊
လင်ယောက်ျားအတွက် အရာရာကို ပေးဆပ်စတေးခံခဲ့တဲ့အမေက နောက်ဆုံးမှ
ကိုယ့်ကိုဂရုစိုက်တတ်တဲ့ လင်ကောင်းတစ်ယောက်ကိုရခဲ့တယ်။
သူ့ဘဝနောက်ဆုံးအချိန်အတွက် အဖော်ကောင်းဖြစ်ခဲ့တယ်။ အဖေ့အပေါ်ထားတဲ့
အမေရဲ့အချစ်က အမြစ်တွယ်ခိုင်မြဲခဲ့တယ်။ ငြင်းခုန်မှုတွေမပြတ်ရှိခဲ့တယ်ဆိုပေမယ့် အမေမတုန်လှုပ်ခဲ့ဘူး။ အမေအတွက်တဘက်သားရဲ့အချစ်ကို နားလည်ဖို့ သူ့တစ်သက်အချိန်ယူခဲ့ရတယ်
Credit by: စိတ်ကူးပျော်ရာ

ချစ်သူကို ပေးလိုက်ရသော ကတိ (၁၀) ခု


၁။ ကြားဖြတ်ပြောခြင်းမရှိပဲ ခံစားချက်ကိုနားထောင်မယ်။

၂။ စွပ်စွဲပြောခြင်းမရှိပဲ ပြသနာကိုဖြေရှင်းမယ်။

၃။ ငြင်းခုန်ခြင်းမရှိပဲ ပြသနာအဖြေကိုရှာမယ်။

၎။ ချွေတာလျှော့နည်းခြင်းမရှိ ပေးဆပ်ကြမယ်။

၅။ ရပ်တန့်ခြင်းမရှိပဲ နှစ်ကိုယ်တူနေရဖို့ဆုတောင်းမယ်။

၆။ ဟန်ဆောင်မူမရှိပဲ မျှဝေခံစားကြမယ်။

ရ။ အကြောင်းပြချက်မရှိပဲ ပျော်ရွှင်စွာချစ်သွားမယ်။

၈။ ယုံမှားသံသယမရှိပဲ ယုံကြည်မူထားရှိရမယ်။

၉။ ထိခိုက်နာကျင်မူမရှိ နားလည်ခွင့်လွှတ်ပေးရမယ်။

၁၀။မေ့လျော့ခြင်းမရှိပဲ ကတိစကားကို တည်ရမယ်။
ကိုကိုနန်းညွန့်ဦး
Email : nnophoto@gmail.com

လွမ်းလို့ကျန်

မမေ့ရဲပေမဲ့
တစ်နေ့ခွဲရမှာတော့ သိနေပါတယ်...
နေ့စွဲမဲ့တဲ့အချစ်ကို 
မမေ့ရဲတဲ့အဖြစ်တွေမို့
နေ့တိုင်းသစ်ဆဲသစ်မြဲလို့ထင်နေမိတယ်...
ဘာသံကိုမှလည်းမကြားချင်တော့ဘူးကွာ
အမိန်တော်လိုလို အမှာစကားတွေနဲ့
တစ်ခါတုန်းကသူ့ ရဲ့သံစဉ်တွေ
အခုပြန်မြင်ရတဲ့သူ့အမူအနွဲ့တွေလိုပါပဲ...

တစ်ရံတစ်ခါတုန်းက
ဒဏ္ဍာရီလို အဖြစ်တစ်ခုကို 
ချစ်သူအတွေးမှာ ပုံပြင်လို့မှတ်ထားလား...
စိမ်းကားတဲ့မာနတွေနဲ့
တိမ်းဖြတ်ကာခွာပြီး
ထာဝရမေ့ချင်လို့ပါကွာ...
မတွေ့အောင်ခွဲကာမှ
ရင်ထဲမှာဝေဒနာတွေ ကျွမ်းကျန်ပီး
အချစ်ရယ် လွမ်းလို့ ကျန်ခဲ့ပါတယ်....
                                               လွမ်းအောင်ချစ်(ခ)ဇော်မျိုးဦး

ချစ်ပါတယ်

စတွေ့ကတည်းကချစ်ခဲ့ရပေမဲ့
ဖွင့်ဟ၀င်မခံရဲခဲ့တာကိုသိနိုင်ပါ့မလား...
ရှင်သန်နေတဲ့ဘ၀လေး စိုပြေသာယာလန်းဆန်းနိုင်စေဖို့
အချစ်တွေဆက်လက်မျိုသိပ်ထားခွင့်ပြုပါကွာ...
အကြီးမားဆုံး ဆုံးရှုံးမှုတစ်ခုဟာ
မုန်းတယ်ဆိုတဲ့စကားလေးတစ်ခွန်းပါပဲ
ဖွင့်ဟ၀င်မခံရခြင်းဟာ

ကျိုးပဲ့သွားတဲ့ ပန်းတိုင်တစ်ခုလို့မဖြစ်ဖို့ပါပဲ
အချစ်ဆိုတာ ရယူပိုင်ဆိုင်လိုခြင်းလား
စွန့်လွှတ်အနစ်နာခံခြင်းလား
အခြေအနေမပေးလို့ ခဏတာခွဲရပေမဲ့
တစ်နေ့နေ့တစ်ချိန်ချိန်မှာ
ပြန်ဆုံတွေ့ပါရစေလို့
ဆုတောင်းရင်း
အဝေဒကနေလွမ်းနေပါ့မယ်
ပျိုးထားတဲ့ပန်းကလေးကို
မနမ်းရက်မရှိုက်ရက်လို့
ရှင်သန်ခွင့်ပေးထားပေမဲ့
သူတစ်ပါးနမ်းရှိုက်သွားမှာကို
စိုးရွံ့တုန်လှုပ်ရင်းနဲ့
ချစ်ပါတယ်ဆိုတဲ့
စကားလုံးလှလှလေးကို
စောင့်မျှော်နေပါ့မယ်.....
                                                                လွမ်းအောင်ချစ်(ခ)ဇော်မျိုးဦး)                                                     

အယူခံမျက်ရည်

မျက်ရည်မသိမ်းပဲ
မင်းစိမ်းရဲမယ်ဆိုရင်
သံယောဇဉ်နှစ်တွေနဲ့
အချစ်စွေခဲ့တာကာလ
အမှတ်တရအပြည့်ပါကွယ်...
ငယ်ကချစ်တော့အနှစ်တစ်ရာ
ငယ်ကပေါင်းတော့အနှစ်တစ်သောက်တဲ့
အပြစ်ဟောင်းတရားတွေနဲ့
အသစ်ပြောင်းစကားဆိုရင်
နှစ်ထောင်းအားရရှိသူတွေက
ဝမ်းသာကြလိမ့်မယ်...
မင်းနဲ့ကိုယ်ကတော့
ငိုချင်းကိုဆိုရင်း
လမ်းခွဲရုံပဲရှိမယ်
မင်းတောင်းတဲ့ဆု
ငါတောင်းတဲ့ဆု
တစ်ခုတည်းလေ
သည်ထက်တူစေ
အပူမဝေ
အတူနေလိုခြင်းပါပဲ....
                                 လွမ်းအောင်ချစ်(ခ)ဇော်မျိုးဦး

ကျိန်စာ

သူ့နှုတ်ခမ်းက အနမ်းတစ်ခါ 
ပန်းတစ်ရာ ကို ပွင့်စေလဲ
သူ့စကားက မုသာလိမ်းကျံ
ပန်းစိမ်းကိုမှ ပန်ခဲ့တယ်
အနားမှာရှိပြီး အကြည့်တွေမှာခိုလှုံသူရေ
ရင်မှာတစ်ခဏနှင့်
အစဉ်ထာဝရ ဖြစ်စေခဲ့သူရယ်
ရက်ရှည်နွမ်းမဲ့ မျက်ရည်ခန်းကို
ဘယ်သူကလွမ်းချင်မှာလဲ
သေကွဲကွဲ သူတို့ရဲ့ မျက်ရည်က
ပထ၀ီမြေမှာစွန်းခဲ့သလို
ရှင်ကွဲကွဲသူတို့ ရဲ့ ကျိန်စာကိုလည်း
အချိန်ခါရောက်မှ 
ဖတ်ရလိမ့်မယ်........
                                          လွမ်းအောင်ချစ်(ခ)ဇော်မျိုးဦး

နောက်ဆုံး..........






တစ်ကယ်တော့ အိပ်မက် ဟာ
အိပ်မက်ဘဲ လို့ ငါ  ပြန်တွေးမိတော့
တစ်ကယ်မ၇ှိခဲ့တဲ့
ပျော်၇ွှင်မူတွေ ကို နှမျောမိတယ်
သစ္စာမရှိသူတစ်ယောက်အတွက်
ငါ့ တမ်းတခြင်းတွေဟာ နင့် အတွက်မဖြစ်သင့်ဘူး
အရင်လို မဟုတ်တော့တဲ့ အခြေအနေတွေကြောင့်
နင့်ကို နာကျည်းရမယ်လို့ ငါ စိတ်တွေက
နိုးဆွနေတယ်........
ငါ ပြန်မသိမ်းခဲ့တဲ့
ငါ့ ချစ်ခြင်းတွေက ကြမ်းပြင်မှာ
ပြန့်ကျဲနေတယ်...
ဘ၀ဆိုတာ ကော်ဖီ ခါးခါး တစ်ခွက်ဆို
အချစ်က ........ဘာလဲဆိုတာ
ငါမသိချင်တော့ဘူး
ငါ့ အတွက် ခါးသက်လွန်ခဲ့ပါတယ်
နင့် အတွက် ကဗျာ လို့ မရည်ရွယ်ပါဘဲ
နင်နဲ့ ပါတ်သက်တာတွေပါတယ်
ခွင့်ပြုချက်မရှိဘဲ
လေ့လာခွင့်ရတဲ့ အချစ်ဘာသာမှ
ငါ ကျရူံးခဲ့ပါတယ်
ကျေနပ်တယ် မကျေနပ်ဘူးလို့
ငြင်းစရာမလိုတော့
အလွယ်တစ်ကူဘဲ ကျဆုံးပေးလိုက်တယ်
ပျို့တက်လာတဲ့
ဆန္ဒတစ်စုံကို ရင်မှ သိမ်းထားရင်း
နင်ထွက်သွားတာကို ငါ နောက်ဆုံးငေးကြည့်ပါရစေ. ........

ငါဟဲ့ ကဗျာဆရာ

ငါဟဲ့ .. ကဗျာဆရာ
ငါ့ဝါသနာက စာပေနဲ့ ကဗျာ
ရှော့ပီစင်တာ ကနင့်အသက်
လက်ဘက်ထဲ ထန်းလျက် ထည့်စားရသလို
အဆင်မပြေချက်ကတော့ ကမ်းကုန် လို့ … ။
ဟုတ်ပါတယ်လေ .. ကဗျာက ဟင်းမှမဖြစ်တာ
ထမင်းဆာရင် ကဗျာကို ရေး
ရေအေးလေးတစ်ခွက်လောက် သောက်
ဗိုက်မှောက် အိပ်လိုက်လည်း .. ငါကတော့ရ

နင်ကတော့ ဆူဆူ ပူပူ
အသားဟင်း မပါရင် ငြူစူချင်သေး
အေးအေး ဆေးဆေး စိတ်ကူးပါရစေဦး
ဒီတစ်ပုဒ်ကို အဆုံးသတ်
နင့်နားကပ် တစ်ဖက်သေးသေးလေး
အရင်ရွေးပေးမလို့ .. ။
လောလောဆယ်တော့ ငါချွေးပြန်
နင့်ရဲ့ ပူညံ ပူညံ အသံတွေကြား
ငါ့ကဗျာတွေက ပြားကုန်ပေါ့
အမှားတွေကိုအရင်ပြင်ဖို့
ပင်လယ်ကို ခေါင်းမြီးခြုံပြီး
အကုန်လုံးကို ခဏမေ့ထားလိုက်တော့မယ်
ငါဟဲ့ … ကဗျာဆရာ။
ကိုချစ်မိုးဆွေ (kochitmoeswe@gmail.com)
 မူရင်းလင့်သို့ .....နတ်သမီးဥယျာဉ်

ပိုင်ဆိုင်ခွင့်........

မုသားမပါဘဲ ချောမွေ့ခဲ့တဲ့
ငါ့ ရင်ထဲက ကဗျာ တစ်ပုဒ် ရှိတယ်
ကောင်မလေး ...
နင့်ကို အရမ်းချစ်တယ် ......
ပေးဆပ်ခြင်းအတိနဲ့ ပိုင်ဆိုင်လိုခြင်းမပါတဲ့ ချစ်ခြင်းလို့
ငါ မတွေးခဲ့ပါဘူး
ပေးဆပ်ရင်းနဲ့ဘဲ ငါ နင့်ကို တစ်ဖြေးဖြေး ပိုင်ဆိုင်ချင်လာခဲ့တယ်
ဆုံးရူံးရမှာကို ငါ အတင်းငြင်းဆန်တဲ့
ကောင်လေးတစ်ယောက်ပေါ့
ဒါမှလည်း ငါနင့်ကို အမြဲတမ်း
မြတ်နိုးကြင်နာခွင့်ရမှာပေါ့ ........
ကောင်မလေးရေ.
တစ်ခါတစ်ခါ အော်ဟစ် မိတိုင်း
နင့်ကို မုန်းလို့ မှမဟုတ်တာ.
ငါ့ စွန်လွတ်ဘို့ မဖြစ်နိုင်တာကို
နင် သိစေချင်လို့ပါ .....
တစ်ကမ္ဘာလုံးငါ့ ကို မုန်းချင်မုန်းပါစေ
ငါ့ဘေးမှာ နင် ရှိရင်
ငါ့ကမ္ဘာ ပျော်ရွင်စရာ တွေနဲ့ ရှိနေမှာပေါ့
ငါ တစ်ကိုယ်ကောင်းဆန်တယ်နှော်
ဟုတ်မှာပါ
ဒါကလည်း နင့်ကို မစွန့်လွတ်နိုင်လို့ပါ ကောင်မလေးရယ်
ပိုင်ဆိုင် ဘို့ ပေးဆပ်တာ လို့ ငါ မှတ်ယူမထားပါဘူး
ဒါပေမဲ့ ငါ နင်ကို ပိုင်ဆိုင်ချင်တယ်
ဒါအမှန်ဆုံးဆိုတဲ့ စကားတွေဘဲ
အချစ်ဆိုတာ ဘာလဲလို့ ငါ မစဉ်းစားတော့ဘူး
တစ်ကယ်ချစ်မိသွားတဲ့ အခါ
အချစ်ဆိုတာ သိစရာမလိုတော့ပါဘူး......
ပိုင်ဆိုင်ခွင့်ဆိုတာ ပေးဆပ်ခဲ့လို့ ဖြစ်လာတာ
မဟုတ်မှန်းနင် သိခဲ့ရင်...
ကောင်မလေး နင့်ကို ငါ ပိုင်ဆိုင်ချင်တယ်.
ထာဝရအတွက်ပေါ့.........

နောင်ဘ၀အထိ.....






   နင့် အတွက် မပြောင်းလဲတာ
ငါ့ ရင်ထဲမှာ တစ်ခုရှိတယ်
နင် ဘယ်လောက် ငါ့ကို ရက်စက် ရက်စက်
ဘယ်တုန်းက မှ နင့်ကို မုန်းဘို့ စိတ်မကူးခဲ့ဘူး
မယုံဘူးလို့ နင် ငြင်းပါ
ဒါတစ်ကယ့် အမှန်တရားတွေဘဲ
  နင့်ရဲ့ စိတ်အတိုင်း
လေလွင့်နေတဲ့ အရက်စက်ဆုံး စကားလုံးတွေက
ငါ့ ကောင်းကင်မှာ ပျံဝဲနေတယ်
ခဏခဏ မိုးမှောင် ချပစ်တော့
ငါ့ မျက်ရည်တွေ စီးဆင်း ကျလာပြန်တယ်
မယုံမနိုင်အောင်
နင်နဲ့ ပါတ်သက်ရင် ငါ မျက်ရည်လွယ်သူ တစ်ယောက်ပါ
   ဘယ်လောက်ထိ ငါ ခံစားနေရမလဲ ဆိုတာ
ငါ ကိုယ်တိုင်မသိဘူး
နင့် အပြင် နောက်တစ်ယောက်ဆိုတာ
ငါယောင်လို့တောင် မတွေးမိတဲ့ အတွေးတွေပါ
   နင် ဟာ တစ်ကယ် ရက်စက်ခဲ့ပါတယ်
ဒါပေမဲ့ နောင်ဘ၀ဆိုတာ ရှိခဲ့ရင်လည်း
အခု ဘ၀လိုဘဲ နင့်ကို ငါ ဆက်ချစ်မယ်
အခု ဘ၀လိုဘဲ နင့် စွန့်ပစ်ခြင်းကို ခံပြီး
ဒီလိုဘဲ ငါ နင့်ကို ဆက် မျှော်လင့်နေမယ်
လွမ်းနေဦးမယ် ချစ်သူ........

အရူံးပေးရင်းချစ်နေချင်တယ်

အပေါ်ယံလေး နဲ့
နင့်ကို ချစ်တယ်လို့ပြောခဲ့တာမှမဟုတ်တာ..
ပထမဦးဆုံး လို့ပြောလို့ရတဲ့
ငါ့ ရင်ခုန်သံ ခပ်ရိုင်းရိုင်းတွေကြောင့်
ပြောခဲ့တာပါ
အရောင်ဆိုးထားတဲ့
စကားလုံးတွေ မပါဘူး
နင့်ကို ချစ်တယ် ဆိုပီး အော်နေတဲ့
ငါ့ နှလုံးသားကို ငါ အကြိမ်ကြိမ် လိမ်ခဲ့တာ နင်မှမသိဘဲ
နင့် အကြောင်းတွေးရင်
အငြိမ်မနေတပ်တဲ့
ငါ့ ရင်ခုန်သံ ကို နင်မကြားလောက်ဘူးလား....?
ငါ ရူးမတပ် နင့်ကို
ချစ်တယ် ...
နင့် အပြုံးတစ်ပွင့် ငါ့ နှလုံးသားကို
တစ်သက်လုံး အရူံးပေးလောက်တယ်လို့
အော်နေပီဘဲ....
နင့်ရှေ့ ငါ ဒူးထောက်ထားပါတယ်
      ကောင်မလေးရယ် နင့်ကို ငါ အရူံးပေးရင်းချစ်နေချင်ပါတယ်.....
ငါ့ ခံစားချက် တွေ ကို ကောင်းကင် ကို လွှင့်တင်ထားတယ်
အချိန်ရရင် နင် နားဆင်ပေးပါနှော် .....

ငါယုံကြည်သောချစ်ခြင်းတရား


ဘယ်လောက်ထိချစ်လဲလို့
ဘယ်တော့မှ မမေးချင်ခဲ့သူ ငါ …
ချစ်တယ်ဆိုတဲ့ စကားတစ်ခွန်းနဲ့တင်
မင်းမျက်နှာ တစ်ကမ္ဘာထင်ခဲ့သူပါ …
ဘယ်လောက်ထိ မြတ်နိုးသလဲလို့
ဘယ်တော့မှ မသိချင်ခဲ့သူငါ …
သတိရတယ်ဆိုတဲ့ message လေးနဲ့တင်
ကျေနပ်ရောင့်ရဲတတ်သူပါ ….

ဘယ်တော့ထားသွားဦးမှာလဲလို့
ဘယ်တော့မှ မတွေးတတ်သူငါ
မင်းပေးခဲ့ဖူးတဲ့ အကြင်နာနဲ့တင်
ရင်ခွင်တစ်စုံမှာ ပျော်မွေ့ခဲ့သူပါ …
ချစ်သူရယ်
မင်းချစ်ခြင်းတွေကို ရရှိခြင်းအတွက်
လောကကို ကျေးဇူးတင်တတ်ခဲ့သူ ငါ
လွဲချော်မှုတစုံတရာအတွက်
ကံကြမ္မာကိုလဲ အပြစ်ဆိုမှာမဟုတ်ပါ …
ဘယ်လိုပဲဖြစ်ဖြစ်
ချစ်ခွင့်ရဖူးတဲ့နေ့တွေအတွက်
ချစ်ခြင်းရဲ့လက်ဆောင်တစ်ခုကို
ဘယ်သူမှမသိအောင် ငါ မြတ်နိုးသွားမှာပါ ..

မူရင်းလင့်  ကဗျာတင်ထားသော မူရင်းလင့်သို့သွားရန်

ပန်းစောင့်ဘီလူး


အလိုလို ပျို့တက်လာတဲ့
ပိုင်ဆိုင်ချင်တဲ့ စိတ်က အချစ်လား. ?
ငါ့ကိုယ်ငါ ဝေခွဲမရချိန်ပေါ့
တစ်ကယ်တော့
အလှပဆုံး
ပန်းတစ်ပွင့်ဆိုတာ
ဥယျာဉ်မူး အတွက်မှ မဟုတ်တာ..
သူတစ်ပါးခူးစွတ်ဘို့သက်သက်
ယုယပေးရတာမျိုးဘဲ
တစ်ခါတစ်လေ ကိုယ်မြတ်နိုးတဲ့
ပန်းတစ်ပွင့်ကို
ထုတ်မပြဘဲ ဖွတ်ထားချင်တယ်
အရောင်မစုံ မလှမပ ဖြစ်စေချင်တယ်
တစ်ကယ်တော့ 
မြတ်နိုးတယ်ဆိုတဲ့ စကားလှလှသုံးပြီး
ပန်းလေးကို ငါ တစ်ယောက်ဘဲ ကြည့်ချင်တာပေါ့ ........
ငါ စကားလှလှ သုံးပြီး နင့်ကို မနစ်မွန်းစေခဲ့ပါဘူး
တစ်ကယ်တော့ ငါဟာ
မရောက်လာသေးတဲ့
ပိုင်ရှင်အတွက် စောင့်ပေးရတဲ့
ပန်းစောင့် ဘီလူးတစ်ယောက်ပေါ့ .....
နင့် ကြည်ဖြူမယ်ဆို
ငါ ထာဝရ စောင့်ရှောက်ချင်တယ်.........



ငါ မသိတဲ့ အလွမ်း

အချစ်......
ခဏ ခဏ အော်သံကြားရတယ်
ဒါက အလွမ်းတွေပေါ့
စနစ်တကျ စီချယ်ထားခဲ့တဲ့
အလှပဆုံး အပြုံး တစ်ချက်ပါ
ငါ့ ဘ၀ အတွက်တော့
တစ်သက်စာ လမင်းကြီးပေါ့
အချိန်က ကုစားပေးလိမ့်တယ်တဲ့
ခဏတာလေး အတွင်းမေ့နိုင်မယ်ဆို
ငါ ချစ်တယ်လို့ ပြောခဲ့မှာမဟုတ်ဘူး........
အလွမ်းဒါတ်ခံရှိလို့
ငိုပြနေတာမဟုတ်ရပါဘူး
ခံစားချက်တွေ စာစီထားတော့
ဒီပြဌာန်းထားတဲ့ ဥပဒေတွေတောင်
ဒူးထောက်ထားလောက်တယ်
မျှော်နေမယ်လို့ မပြောခဲ့မိလို့လား
ပြန်မလာတော့ဘူးဆိုတာ သိပေမဲ့
ပြန်လာခဲ့ရင် ဆိုတဲ့ အတွေးနဲ့ ငါဆက်စောင့်နေမယ်လေ
ဖြစ်နိုင်မလား
နောက်တစ်ခေါက် ပြန်ဆုံနိုင်မလား
လမ်းမှာတွေ့ရင် နုတ်ဆက်ဖြစ်ကြမလား
ရည်းစားဟောင်းဆိုပြီး ပျက်ရယ်ပြုမှာလား
အဖြစ်ပျက်တွေကို နိုင်ယှဉ်ကြည့်တယ်
ပြဇာတ်လိုပါဘဲ
ခဏလေးနဲ့တော့ ကျော်ကြားမူကြားမှာ ရှိနေပေမဲ့
ခဏလေးနဲ့ ပျောက်ကွယ်သွားခဲ့တယ်
ဒါပေမဲ့ ခဏလေးနဲ့ မေ့ဖျောက်ပစ်လို့မရခဲ့ဘူး
လွယ်လွယ်လေးပါ ဇာတ်လမ်းအစက အချစ်ဖြစ်ခဲ့လို့..... ဒီအလွမ်းက
စောင့်နေခဲ့တာ .......
နှစ်ကိုယ်ယှဉ်တွဲ ပျော်ဖူးခဲ့ကြတယ်
လမ်းဆုံးလို့ မသိချိန်အထိပေါ့
နုတ်ဆက်လက်ပြတာတောင် ငါပြုံးနေခဲ့ရတယ်
ပြန်မလာဘူးဆိုတာ ငါ မသိခဲ့တာ
ပြန်လာမှာလားလို့  ငါ မမေးခဲ့မိတာ
ပြန်လာမယ်လို့ နင်မပြောခဲ့တာ ...........
ဘာတွေ ဟာ မှားသွားလဲ
ငါကိုယ်တိုင် မသိခဲ့တာပါ.
ခပ်ရိုးရိုး အလွမ်းဇာတ်လမ်းလေးပါဘဲ
အလွမ်းတွေနဲ့ စီခြယ်ထားလို့ လှချင်တိုင်း လှနေလောက်ရဲ့ ............

နှင်းလူ

   နှင်းလူ
       နှင်းလူဟာ
ဂူထဲမှာ ဘီလူးဒူးတုပ်ထိုင်လျက်
အမှောင်ကြုပ်ကြုပ်ကို ကိုက်မျိုဝါစားရင်း
နေနဲ့လည်း စိတ်ချင်းဆက်သွယ်ကြည့်တယ် 
             ရွှံ့မီးအိမ်နဲ့ ဝေ့ပတ်ပြီး
မြောက်အရပ် ကိုရှာဖွေကြည့်တော့
ဓူဝံကြယ် ကြွေသွားတာကြာပြီတဲ့
       သူရှုံးသွားတယ်
သူ့ပါးစပ်ကို သူဖြဲပြီး
မြောက်ပြန်လေက ဆောင်းတွေကိုရိုက်ခွဲကြိတ်ထည့်
လွမ်ရင်းလိုက်ခဲ့လို့မှာတယ်

         အဲဒီလိုနဲ့
နွေဦးပေါက်များစွာကို လွန်လေပြီးမှ
ပြန်လည်နိုးထလာတဲ့ ကျောက်နှင်းလူ
တောက်တစ်ချက်ခေါက်ပြီး သူ့ကိုယ်သူထူတယ်
          ပြီးတော့
သွေးတွေကို တဂျုံးဂျုံးပြန်မောင်း
ကောင်းကင်ကို
ပိတောက်တွေနဲ့ တဗောင်းဗောင်းပစ်ပေါက်
မီးပွင့်မတတ် ခါးထောက်ရပ်လိုက်တယ်
        ငါ.....(သို့မဟုတ်)
နှင်းလူလေးရဲ့မှတ်တမ်းမှာ
အဲဒီဆောင်းကို ခပ်ကြမ်းကြမ်းလေးရေးထားမိ
သတိရတိုင်း ပြန်ဖတ်ကြည့်လို့ပေါ့      
                                        
                       တာရာမင်းဝေ                           

***ဘ၀အိမ်မက်***

                                  ***ဘ၀အိမ်မက်***


         မိန်းကလေး...မင်းက ဖူးပွင့်စ ပန်းလေးတစ်ပွင့်ပါ...
နွေလေရူးတွေ...တိုက်ခိုက်နေမယ်...သစ်ရွက်ကလေးတွေက
မင်းစိတ်နဲ့...အဓိပ္ပာယ်တူညီစွာ...ယိမ်းကနေမယ်...
ကြွေးလွင့်သွားတဲ့ သစ်ရွက်ကလေးက...
မင်းဘ၀မဟုတ်ဘူးလေ...။

ဆွေးမြေ့စရာကောင်းတဲ့...မိုရေစက်တွေကို မင်းငေးမောနေမိမှာပဲ...
မိုးခြိမ်းသံမကြားရပဲ...မိုးသီးမိုးပေါက်တွေ လာခွင့်ရှိတယ်လေ....
မင်းတွေးလိုက်တဲ့ခဏမှာ မိုးတိတ်သွာမယ်..မိုးသီးလေးတွေအရည်ပျော်သွားမယ်...
မင်းဘ၀မဟုတ်ဘူးလေ...။

နှင်းရည်လူးတဲ့ ချစ်ခြင်းဆိုတာ
မင်းအမြဲတောင့်တနေမှာလား....ဒီမြူနှင်းတွေက အေးချမ်းပါတယ်...
နွေးထွေးမှု့ကို ရှာဖွေလွယ်ချင်လဲ လွယ်လိမ့်မယ်.........
ဒါ...မင်းဘ၀မဟုတ်ဘူးလေ...။

မင်းအတွက်ငါ့မှာ...အိမ်မက်ဆိုတာ မရှိခဲ့ဘူး...
မင်းအတွက်ငါ့မှာ...မျှော်လင့်စောင့်စားခြင်းတွေ မရှိခဲ့ဘူး...
မင်းအတွက်ငါ့မှာ...မင်းနဲ့အတူ လက်တွေ့ကျတဲ့ ဘ၀ဆိုတာပဲရှိပါတယ်။။။

မင်းနဲ့ငါ ဝေးကွာခြင်းက
မင်းနှစ်သက်တဲ့ ခဏတာကြုံတွေ့ခြင်းတွေကို...
မင်းနှစ်ခြိုက်ခဲ့လို့ပဲ။။။

မင်းနဲ့ ပက်သတ်တဲ့ ငါ့ရင်မှာ
ခံစားချက်တွေ...ပူခြင်း အေးခြင်း ဆွေးမြေ့ခြင်းတွေ ကင်းဝေးနေခဲ့တယ်...။
ဒါအမှန်ပါပဲ။။။

မင်းရဲ့စိတ်က တစ်ခါတစ်လေ မင်းဘ၀မဟုတ်ခဲ့ဘူးဆိုတာ...

ငါ့ရဲ့စိတ်က အစဉ်ထာဝရ မင်းဘ၀လို့ မင်းသိခဲ့မယ်ဆိုရင်...။